Friday, May 22, 2009

ကြိုးစားထား...။


အလုပ်လုပ်ရင် .... စနစ်ကျမှ၊
အဓိက က .... ကိုယ့်စေတနာ၊
လောကဓမ္မာ .... ကြုံလာအမုန်းရပ်၊
အပြုံးမပျက်ဖို့လည်း .... ကြိုးစားထား။

ဘာမှ မလုပ်ရင် .... ဘာမှ မဖြစ်၊
တစ်ခုခုဖြစ်ချင် .... တစ်ခုခုလုပ်၊
မလုပ်မရှုပ် .... အပျင်းဇာတ်ဖြတ်လို့၊
ဘုန်းတက်ဖို့လည်း .... ကြိုးစားထား။

ဘာဖြစ်ချင်လဲ .... သေချာဆုံးဖြတ်၊
ဘာလုပ်နေလဲ .... သေချာသုံးသပ်၊
ဘဝတစ်ခုအတွက် .... အရှုံးအမြတ်၊
ရုန်းထွက်ဖို့လည်း .... ကြိုးစားထား။
အဆုံးသတ်ဖို့လည်း .... ကြိုးစားထား။

No comments:

Post a Comment