နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
အခွင့်ထူးခံ...။
6:58 PM | Author: Dhamma Yanant


" ခွင့်ထူးခံဘ၀ - ရခဲလှစွာ
သနားသူတိုက် - တရားဝေဖြာ
သာသနာကြိုက် - အမိုက်မပါ
ကျင့်ပါမှ - ခွင့်ထူးဝေကာဖြာ...။ "


ဘုရားပွင့်ခါ - ငရဲရွာနှင့်
တိရစ္ဆာန်၊ ပြိတ္တာ - ဘဝမှာ
မှတ်ပါ - ပြစ်သုံးခု။

ရုပ်သာနာမ်သာ - ရှိဗြဟ္မာနှင့်
တိုင်းဖျားစွန်ရွာ - ပစ္စန္တာ
ဖြစ်လာ - ပြစ်နှစ်ခု။

အယူမှားကာ - ဥာဏ်မပါနှင့်
သာသနာပ ခါ - လူဖြစ်လာ
ယူပါ - ပြစ်သုံးခု။

ရပ်ပြစ်ရှစ်ပါး - ထို့နောက်ပါးဝယ်
အခွင့်ထူးခံ - ဖြစ်နိုင်ဟန်ကား...


မှန်ကန်မြင့်မြတ် - ဓမ္မစက်ကို
မပြတ်ဥာဏ်တွင် - ထက်သန်ဖွဲ့ယှက်
သတိစွက်လျက် - အငှားခန္ဓာ
ပြန်လာမသိမ်း - နာ မကိန်းမီ
သစ္စာသိရေး - အားထုတ်ပေးလော့။

ဘ၀အနှစ် - ဥစ္စာစစ်ကို
ရှိုက်သံကင်းဝေး - ရနိုင်ရေးတွက်
ဘေးကိလေသာ - စွန့်ခွါရုန်းထွက်
ဖြစ်ပျက်ငြိမ်းရာ - အမြတ်ရှာ၍
ပေးခိုက်မယိမ်း - ရအောင်သိမ်းလော့။

ရိက္ခာကုသလာ - စုပြီးလျှင်ကား
ထားရာမနေ - စေရာမသွား
ချမ်းသာရှားသည့် - ဤရုပ်ခန္ဓာ
ဝင်္ကပါသည် - ခွင့်ထူးခံကာ - ထောက်ရာရသည်
သံသရာနောင်ရေး - စိတ်အေးတည်း...။
(အခွင့်ထူး = ဗုဒ္ဓုပ္ပါဒ နဝမခဏ)

|
This entry was posted on 6:58 PM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

0 comments: