
သားသမီးများ၊ လူလားမြောက်အောင်
နှစ်ယောက်မိဘ၊ စွမ်းနိုင်ကြ၏
မိဘနှစ်ယောက်၊ ၀မ်းရေးလောက်အောင်
ထောက်ပံ့သမှု၊ ကျေးဇူးပြုသည့်
သားသမီးများ၊ ခပ်ရှားရှား...။
သားသမီးလေး၊ ညစ်အကြေးကို
မရွံမရှာ၊ ပြုံးမျက်နှာဖြင့်
သုတ်သင်ခဲ့ရ၊ မိဘတို့မှာ
အိုနာနှိပ်စက်၊ သတိပျက်၍
လွတ်ထွက်ညစ်ကြေး၊ သုတ်သင်ပေးတော့
မသာမယာ၊ မျက်နှာရွဲ့ကာ
စေတနာမဲ့၊ အပြစ်ဖွဲ့၏...။
ရှုမငြီးသည့်၊ သားသားမီးမီး
တွတ်တီးတွတ်တာ၊ ပြောချင်ရာပြော
သဘောကျခဲ့၊ အိုချည့်ဖမိ
သတိအားနည်း၊ ပြောပြီးထပ်ခါ
နေရာတကာ၊ ၀င်ပါသည်ဟု
ငြူစူသမှု၊ ပြုလားပြုသည့်
သားသမီးများ၊ သတိထား...
သင်လည်း တစ်နေ့ အိုဦးမည်...။
0 comments: